Sunday 31 July 2011

အမျိုးသားတို့ ၏ ဗျတ္တိဥာဏ

ယခုအခါ မြန်မာပြည်သားတို့က ကိုယ့်အားကို ကိုယ်ကိုး၍ ကုန်ကုန်စွန့်စားကြတော့မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလနှင့် ကြီးပွားချမ်းသာ အားထုတ်ယုံကြည်လျက်ရှိကြောင်းများကို တရံတထံလူများနှင့် ဗြူရိုကရက် အစိုးရများက ထင်ရှားလိလိ သိကြသေးဟန်မတူချေ။ 

ထိုသူတို့နှင့် အစိုးရတို့က ပြည်သူတို့၏ ထုံအခြင်း၊ ဆင်းရဲပင်ပန်းသောဒုက္ခကို လျစ်လျူရှု၍နေကြတော့သည်မဟုတ်၊ စိုးအုပ်သောအရာရှိတို့၏ အသိဥာဏ်ဖြင့် ထင်မြင်နှိုင်းချိန် တွေးဆသိရသည်ထက် လျှင်မြန်စွာ မြန်မာများက နိုးကြားကြ၍ ဆူပူလှုပ်ရှား စိတ်ထက်သန်ရှိပြီးဖြစ်ကြောင်းကို ထင်ရှားသိသာပေတော့မည်။ 

ဝှိုက်ကော်မတီ ခေါ် အဖွဲ့အသင်းကို မြန်မာပြည်သို့ စေလွှတ်လိုက်လေသော်ညလည်း ထိုဝှိုက်ကော်မတီကို တညီတညာတည်း (ဘွိုင်းကော့)လုပ်ကြခြင်း၌ ကောင်းမွန်စွာ အောင်မြင်ခြင်းကြောင့် ထိုဝှိုက်ကော်မတီတွင်ဝင်ရောက်စွက်ဖက် ဆောင်ရွက်ခြင်းထက် အများကြီးအားရစရာ အောင်မြင်ရပြီးလျှင် မြန်မာ့ အယူဘာသာတို့၏ သူရသတ္တိဇာတိမာန ဗျတ္တိဥာဏမှစ၍ သွေးဓါတ်စိတ်ဓါတ်တို့ကို သိရှိထားစေခဲ့ခြင်း အမျိုးသားတို့၏ ဂုဏ်သည်ထင်ပေါ်ကျော်ဇော့ခဲ့ရခြင်းဖြစ်လေသည်။

အမျိုးသမီးတို့သည် ရေးကြီးခွင်ကျယ်နှင့် ကြုံကြိုက်သောအခါ မိန်းမတို့၏ တင်္ဂနုပ္ပတ္တိဥာဏ်၊ ဇဝနဥာဏ် တ္ထိယမာန်အကြံတို့ဖြင့် သန်သန်စွမ်းစွမ်းဆောင်ရွက်ခဲ့ကြသည်မှာ များစွာချီးမွမ်း ဥဒါန်းမကြေ ရှိစေပေသည်။

လူကြီးလူငယ်မှစ၍ အနည်းငယ် သာမညသော သူတို့မှအပ မြန်မာအမျိုးသား အားလုံးတို့ပင်လျှင် ဝှိုက်ကော်မတီတွင် ဝင်ရောက်သင်သေခံခြင်းမလုပ်ကြသည့်အတွက် မြန်မာအမျိုးသားတို့သည် မိမိတို့ကိုယ်တိုင် တာဝန်ခံ၍ အုပ်ချုပ်၇န် အခြေအနေနှင့် ထိုက်တန်ကြောင်းကို ကိုယ့်မြန်မာအမျိုးသားတို့ကိုက ရိုသေ၍ အခြေကြီးမြင့်အောင် ပြုခဲ့လေသည်။

No comments:

Post a Comment