Sunday 31 July 2011

အယောင်ဆောင်မျှသာ

အိန္ဒိယပြည်တွင်နှစ်ပေါင်းများစွာ ဆူပူလှုပ်ရှား ကြွေးကြော်ကြပြီးသော်လည်း မြန်မာပြည်၌ရရှိသော ဒိုင်အာခီစနစ်လောက်မျှ ကောင်းမွန်စွာမရရှိခဲ့ကြပေ။ 

ဆရာတော်သည် ဒိုင်အာခီနည်းစနစ်ကို နှစ်သက်၍မဟုတ်။

ဒိုင်အာခီစည်းစနစ်၌ အကျိုးဖြစ်ထွန်းဖွယ်ရာ အနှစ်သာရ ဥပဒေရှိသည်ဟု မယုံကြည်နိုင်။ 

ထိုစည်းစနစ်သည် ဆိုးဝါးလှသဖြင့် ပြည်သူအများတို့ကို အနှောင်အဖွဲမှ တိုး၍ နစ်မြုပ်ချုပ်ချယ်ရာသော စည်းကမ်းများဖြစ်လေသည်။

ဗြူရိုကရက်စနစ်တွင် အစိုးရတို့က ပြည်သူကို မတိုင်ပင်ဘဲလျှက်၎င်း၊ ပြည်သူတိှု့ဆန္ဒကို အရေးမမူ၍၎င်း၊ အစိုးရတို့အလိုရှိရာ ပြုလုပ်နိုင်ခွင့်ရှိသည်။ 

ဒိုင်အာခီနည်းစနစ်မှာ ပြည်သူတို့အနက် အသိဥာဏ်မရှိသော အရုပ်တို့သဖွယ် တည်ထားပြရုပ်ပြုပြိးလျှင် အစိုးရတို့အလိုရှိရာ စီမံဆောင်ရွက်ခြင်း၌ ပြည်သူတို့အလိုတူယောင်ခွင့်ပြုယောင် ပရိယာယ်ဆောင်သော စည်းစနစ်ဖြစချေသည်။

မစ္စတာဘားနတ်ဟောတန်က (ထိုသူမှာမြန်မာပြည်တွင် ခရိုင်ဝန်အဖြစ် ဆောင်ရွက်သွားသော အိန္ဒိယပိဥာဉ်ခံ ဝန်ထမ်းဟောင်းတဦးဖြစ်၍ နယူးဘားမားသတင်းစာတွင် ဘိလပ်မှ ဆောင်းပါးသားနေသူ သမာသမတ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။)

ဒိုင်အာခီသည် အစိတ်အပိုင်းဖြစ်သော နည်းစနစ်အဖြာဖြာတို့ကို ဗြူရိုကရေစီက စီမံနိုင်ရန် လွဲလပ်ထားသည့်အတွက် ထောင်ချောက်ညွတ်ကွင်းနှင့် တူကြောင်း။

ဗြူရိုကရေစီက ဿရိယ အာဏာအားလုံးကို လက်ရသိမ်းယူထား၍ (မှတ်ရန်။

ဤ၌ ဌာနလေးခုခွဲထားရာ ပြည်ထဲရေးနှင့် ဘရေး အချုပ်အခြာကို အစိုးရကိုင်ထားမည်။ 

ထိုဌာနများအတွက် ပြည်သူ့ အမတ်များက ဘာမျှပြောပိုင်ခွင့်မရှိ၊ ပညာရေးနှင့်သစ်တောကို ပြည်သူ့အမတ်များသို့ လွဲပေးထားသည်။ 

ဤကိုရည်ရွယ်၍ မစ္စတာဘားနတ်ဟောက်တန်က ရေးသားခြင်းဖြစ်သည်။)

ပြည်သူတို့ကို ဗြူရိုကရက်တို့ အင်အားဗလ ကြီးစေခြင်းအလို့ငှါ ကူညီပူးပေါင်းကြရန် သွေးဆောင်ခေါ်ယူခြင်းမျှဖြစ်ကြောင်း။

ပြည်သူတို့ အခြင်းအရာ၏ အခြေမှန်ကို သေချာစွာကြည့်ရှုစုံစမ်းမည့် အယောင်ဆောင်ပရိယာယ်ကို မပြုမလုပ်သင့်ကြောင်း။

အခြင်းအရာ၏ အခြေဟူသည်မှာ တဘက်သောနေရာက အစိုးရအရာရှိတို့သည် ကိုယ်တိုင်တာဝန်ခံ အုပ်ချုပ်ခြင်းစစ်စစ်ကို စွမ်းအားရှိသမျှ ခုခံပိတ်ပင်လမ္မည်။

အဘယ်ကြောင့်ဆိုသော်ထိုအရာရှိတို့သည် ဿရိယအာဏာကို လိုလားသူများဖြစ်၍ နည်းအမျိုးမျိုး အသုံးချလျက် ထိုအာဏာအင်အားကို လက်မလွတ်ရအောင် ကြံပြီးလျှင် ကိုယ်ပိုင်တာဝန်ခံအုပ်ချုပ်ရေးကို မပေးရအောင် ဖင့်နွဲနှောင့်နှေးစေလိမည် ဖြစ်ကြောင်းနှင့် ဆိုထားခဲ့လေသည်။

No comments:

Post a Comment