Sunday 31 July 2011

ခေါင်းထောင်လာကြပြီး

အိန္ဒိယပြည်သည် ဗြိတိသျှအစိုးရတို့၏ တရားသဖြင့်စိုးအုပ်ခြင်းကတိ သစ္စာတည်ကြည်ခြင်းတို့ကို မယုံကြည်နိုင်ရှိကြ၍ ကိုယ့်ဒူးကိုယ်ချွန်အလုပ်ကိုစ၍ လုပ်ကြလေပြီ။ 

ယင်းအကြောင်းနှင့်ပတ်သက်၍ သည်ရိုက်အော်နာရေဘီ၊ ရှပ်ထရီး (ဘုရင်ခံချုပ်၏အမတ်ကြီးတဦး) သြစတြေးလျပြည်သို့ ထွက်ခွာမသွားမီ အိန္ဒိယဘုရင်ခံချုပ်၏ ဧည့်ခံထမင်းကျွေးပွဲ၌ ပြောဆိုသောစကားမှာ အိန္ဒိယပြည်သူတို့သည် အစိုးရမင်းတို့အား ယုံကြည်ကိုးစားခြင်း မရှိခဲ့ပြီးဖြစ်ကြောင်း၊ အိန္ဒိယလူမျိုးတို့က လွတ်လပ်ချမ်းသာရေးကို အလိုရှိပါသော် မိမိတို့ကိုယ်သာ အလျင်အားထားဖွယ်ရာဖြစ်ကြောင်း။ 

ထို့အကြောင့်အိန္ဒိယအမျိုးသားတို့သည် ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောသော အကြီးဆုံးသော တိုင်းရေးပြည်ရေး ပြည်မှုကို ဆောင်ရွက်လျှက်ရှိကြပြီးဖြစ်ကြောင်း ရှေးပဝေသဏီကပင်လျှင် ဝပ်အောင်းမှေးကပ်လျက်ရှိသော စိတ်ဓာတ်သွေးဓါတ်တို့သည် နိုးကြားကွန့်မြူးရှိကြပြီးလျှင် ရာဇဝင်အသွင်သွင်တို့၌ရှိသော အမှုဓလေ့တို့သည်လည်း ပျောက်ခဲ့လေပြီး။ 

အနိမ့်ဆုံးသော ဆင်းရဲသားကပင်လျှင် မိမိ၏ဦးခေါင်းကိုမော်လျက် မတ်မတ်တည့်တည့် အနှောင်အဖွဲ့မှလွတ်ကင်းသောသူကဲ့သို့ လမ်းလျှောက်သွားလာဝံ့ကြလေပြီး။

No comments:

Post a Comment